Main menu

ချင်းတက်အစို ဈေးနိမ့်နေသော်လည်း ချင်းခြောက်ဈေးနှုန်းကောင်းရရှိနေ

Powered by Drupal

           ရှမ်းပြည်နယ်(တောင်ပိုင်း) ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်းဒေသစုံမှ စိုက်ပျိုးထုတ်လုပ်သော ချင်းသီးနှံမှာ ယခင်နှစ်ကာလတူ နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက အနည်းငယ်လျော့နည်းနေပြီး ချင်းဥမ တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀)ကျပ်ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ချင်းအခက်ကြီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀-၃၂၀၀)ကျပ်ဖြင့် လက်ရှိဈေးပေါက်နေသော်လည်း အရောင်းအဝယ်အေးလျက်ရှိပြီး ပြည်တွင်းသုံးအနေဖြင့်သာ ဝယ်ယူလျက်ရှိပါသည်။ ချင်းခြောက်ဈေးမှာယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကောင်းလျက်ရှိပြီး   Slide (ဒါးလှီးခြောက်) တစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀)ကျပ်ရှိပြီး ရိုးရိုးချင်းခြောက် တစ်ပိဿာလျှင် (၉၀၀၀-၉၅၀၀)ကျပ် ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။ ပြည်ပသို့ပင်လယ်ရေကြောင်းမှ တင်ပို့မှုရှိသော်လည်း ပြည်ပဝယ်လိုအားမြင့်တက်လာမှသာ လက်ရှိပေါက်ဈေးထက် မြင့်တက်လာနိုင်မှာဖြစ်ကြောင်း လေ့လာသုံးသပ်ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)