
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမ၌ Talk Show ကျင်းပဆောင် ရွက်ခဲ့ပါသည်။
ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) ပုဒ်မ(၂၁)နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရုံးမှုများ ပေါ်ပေါက်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ(CICC)အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည့်နည်းလမ်းများအား ချပြရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပါသည်။
DOCA(ရှမ်း)