Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီးတွင် မေလ(ဒုတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများ ဖြစ်သော ရွှေဘိုခရိုင်၊ ကလေးခရိုင်တို့တွင် ဈေးတန့်နေပြီး၊ မုံရွာခရိုင်တွင် အနည်းငယ် မြင့်တက်ကာ ကသာခရိုင်တွင် ဈေးအနည်းငယ်ကျနေပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမေလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသောအခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၅၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၃၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၃၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၅၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင်ကျပ် ၅၄၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၉၅၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်  ၄၂၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၈၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

       စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ(ပထမ)ပတ်တွင် ရန်ကုန် သို့ အိတ်ရေ ၃၅၀၀၀၊ မန္တလေးသို့အိတ်ရေ ၄၉၈၀၀၊ မကွေးသို့အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ် ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၀၀၀၊  စုစုပေါင်း အိတ် ရေ (၁၀၇၈၀၀)အိတ်၊ တန်အားဖြင့် (၅၃၉၀)စီးထွက်ခဲ့ပြီး၊ ယခု မေလ(ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၅၃၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၇၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၂၈၀၀) အိတ်၊ တန်အားဖြင့် (၅၁၄၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၅၀၀၀)တန်အားဖြင့် (၂၅၀) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)