Main menu

ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်း ဈေးကစားမှု မရှိစေရေး ဆောင်ရွက်လျက်ရှိ

Powered by Drupal

               ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းနှင့်ပတ်သက်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဈေးကစားခြင်းများပြုလုပ်ပါက အရေးယူသွားမယ်လို့ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ခြင်း လုပ်ငန်းကြီးကြပ်‌ရေးကော်မတီက ထုတ်ပြန်ကြောင်း သိရသည်။

                စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနဲ့အညီ ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျှက် ရှိပါသည်။

               မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ၊ ကုန်ခစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်ကာ ပြည်တွင်းဈေးကွက်မှာ အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပတ်(၁)ကြိမ် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျှက်ရှိကြောင်း သိရှိရသည်။

                 ယခုတစ်ပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ တင်ပို့ထုတ်လုပ်သည့်နိုင်ငံများမှာ ဈေးနှုန်းတည်ငြိမ်လျှက်ရှိကာ မေလ ၉ ရက်နေ့မှ မေ ၁၅ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအနေဖြင့် စားအုန်းဆီ တစ်ပိဿာကို ၆၀၂၅ ကျပ် သတ်မှတ်ထားရှိပါသည်။

                 ထို့ကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနဲ့ မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူမယ်လို့ အသိပေး ထုတ်ပြန်ထားရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)