Main menu

အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၁ သန်းတင်ပို့ရန် အိန္ဒိယအစိုးရ အတည်ပြု

Powered by Drupal

၁၄။    အိန္ဒိယနိုင်ငံအစိုးရသည် အင်ဒိုနီးရှားနိုင်ငံသို့ ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၁ သန်း တင်ပို့ရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် အဆိုပြုချက်ကို အတည်ပြုခဲ့ကြောင်း အိန္ဒိယ Rural Voice အင်တာနက်သတင်းစာမျက်နှာက ဖော်ပြပါသည်။

၁၅။    ဇန်နဝါရီ ၁ ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ၏ အစည်းအဝေး ၌ အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်မှ သမဝါယမဝန်ကြီးဌာနနှင့် အင်ဒိုနီးရှားနိုင်ငံဘက်မှ ကုန်သွယ်ရေးဝန်ကြီးဌာနတို့သည် ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၁ သန်း တင်ပို့ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။

၁၆။    သတင်းအရင်းအမြစ်များမှ ပြောကြားချက်အရ အမျိုးသား သမဝါယမပို့ကုန် လီမိတက် (National Cooperative Export Limited - NCEL) သည် သမဝါယမဝန်ကြီးဌာန၏ ကိုယ်စား ဆန် တင်ပို့မှု ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံဘက်၌ ကုန်သွယ် ရေးဝန်ကြီးဌာနကိုယ်စား နိုင်ငံပိုင်ဝယ်ယူရေးအေဂျင်စီဖြစ်သော ဘူးလော့အဖွဲ့ (BULOG) က ဆန်တင်သွင်းမှု လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

၁၇။    ဆန်တင်ပို့မှု ကန့်သတ်တားမြစ်ထားသည့်ကာလအတွင်း အိန္ဒိယအစိုးရ၏ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု အစီအစဉ်ဖြင့် ခွင့်ပြုသည့် ဆန်တင်ပို့မှုများကို နိုင်ငံတော်အဆင့် သမဝါယမ အသင်းချုပ် ၃ ခုအနက် တစ်ခုအပါအဝင်ဖြစ်သော NCEL လီမိတက်က တာဝန်ယူ တင်ပို့ခဲ့ခြင်းဖြစ် သည်။ အင်ဒိုနီးရှားသို့ ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၁ သန်း တင်ပို့မည့် ယခုအစီအစဉ်တွင် NCEL သည် တင်ပို့မည့်ဆန်များကို အစိုးရ၏ အရန်ရိက္ခာသိုလှောင်ထားရှိမှုမှ ရယူခြင်းမပြုပဲ ပြင်ပ ဈေးကွက်အတွင်းမှ ဝယ်ယူလျက် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့်ပုံစံဖြင့်သာ တင်ပို့သွားမည် ဖြစ်သည်။

၁၈။    ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူဖြစ်သော အိန္ဒိယနိုင်ငံ၌ မိုးသီးနှံရာသီ ဆန်ထုတ်လုပ်မှုသည် ၂၀၂၃-၂၄ ခုနှစ်တွင် တန်ချိန် ၁၁.၃၂ ကုဋေရှိရာမှ ၂၀၂၄-၂၅ ခုနှစ်၌ တန်ချိန် ၁၁.၉၉ ကု‌ဋေအထိ စံချိန်တင်တိုးတက်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိကာလတွင် ဆန်ဈေးနှုန်းများတည်ငြိမ်နေပြီး အစိုးရ၏ အရန်ရိက္ခာသိုလှောင်မှု လုံလောက်မှုရှိနေချိန်၌ အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၁ သန်း တင်ပို့ရန် လက်မှတ်ရေးထိုးမည့် အစီအစဉ်သည် အိန္ဒိယရှိ ဆန်တင်ပို့သူများနှင့် လယ်ယာစိုက်ပျိုး ရေးလုပ်ကိုင်သူများအတွက် သတင်းကောင်းတစ်ရပ်ပင်ဖြစ်ကြောင်း Rural Voice သတင်း ဝက်ဘ် ဆိုက်က ဖော်ပြထားသည်။

Source: Rural Voice, 2 Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)