Main menu

ပြည်ကုန်စည်ဒိုင်၏ ဒီဇင်ဘာလတတိယပတ်ပဲမျိုးစုံဈေး

Powered by Drupal

          ပြည်ခရိုင်၊ ပြည်ကုန်စည်ဒိုင်တွင် ပဲအသစ်များအဝင်ရှိပြီး အရောင်းအဝယ်သွက်လျက် ရှိပါသည်။ ဒီဇင်ဘာလတတိယအပတ်တွင် မတ်ပဲတစ်တင်းကို ၁၁၄၀၀၀-၁၁၄၅၀၀ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် ၂၀၀ခန့်ရှိပါသည်။ ပဲတီစိမ်းအသစ်တစ်တင်းကို ၉၇၀၀၀-၉၈၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀၀/၆၀၀ခန့် အဝယ်ရှိပါသည်။

          ဒီဇင်ဘာတတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၁၀၁၅၀၀-၁၀၂၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် ၂၅၀ခန့် အဝယ်ရှိပါသည်။ ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၈၈၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၂၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ် ၃၀၀ခန့် အဝယ်ရှိပါသည်။

          ဒီဇင်ဘာလတတိယပတ်တွင် ဘိုကိတ်ပဲသစ်များအဝင်ရှိပြီး တစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် တစ်ရက်ကို ၂၀၀ခန့် အဝင်ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀ခန့် မြို့တွင်းနှင့်ရန်ကုန် အဝယ်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ် သီးနှံများယခင်နှစ်ကထက် ဈေးပိုမိုကောင်းမွန်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)