Main menu

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မှ ဆန်/ ဆန်ကွဲ စီးဝင် စီးထွက်မှု အခြေအနေ

Powered by Drupal

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ စပါး စိုက်ပျိုးနေပြီး မအူပင်ခရိုင် အနေဖြင့် မြို့နယ်များအပါအဝင် ဆန်စက်အလုံးရေ (၁၀၇)လုံး ရှိပြီး စိုက်ပျိုးပြီး စပါးများကို ဝယ်ယူကြိတ်ခွဲလျက်ရှိသည်။ ဆန်နှင့် ဆန်ကွဲ ကြိတ်ခွဲထွက်ရှိမှုများကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့်  အခြား ဒေသများသို့ (စီးထွက်)လျက်ရှိသည်။  ရန်ကုန်သို့ ဆန်စီးထွက်မှုမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁လတွင်း မအူပင်ခရိုင်မှ ဆန်အတင် (၂၅၇၄၃၁)အိတ် တင်ပို့ခဲ့ပြီး၊ ပျမ်းမျှ ဆန်တန်အားဖြင့် ၁၂၈၇၁.၅၅ တန် စီးထွက်ကြောင်း မြို့နယ်စစ်ဆေးရေး စာရင်းများ အရ သိရသည်။  

            ထို့ပြင် ဆန်ကွဲကို ရန်ကုန်မြို့သို့ တင်ပိုမှုအနေဖြင့် မအူပင်မြို့နယ်မှ    ဆန်ကွဲ နိုဝင်ဘာလ ၁လ အတွင်း (၂၈၇၇၉)အိတ် တန်အားဖြင့် ၁၄၃၈.၉၅ တန်စီးထွက်ကြောင်းသိရသည်။  ဆန်/ဆန်ကွဲများ ကို ရန်ကုန် ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ အလုံဆိပ်ကမ်း၊ ကြီးမြင်တိုင်ဆိပ်ကမ်း၊ သီလဝါ စက်မှုဇုန်၊ တို့ကိုသာ တင်ပိုကြောင်း သိရသည်။

            ယနေ့ ဒီဇင်ဘာလ ၁ရက်မှ ၁၉ ရက်အတွင်း ဆန်အိတ် (၁၃၇၀၃၂)အိတ် တန်အားဖြင့် ၆၈၅၂တန်နှင့် ဆန်ကွဲ (၃၁၉၃၂)အိတ် တန်အားဖြင့် ၁၅၉၆ တန် တင်ပို့ခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ်ဖြတ်ကျော် ပန်တိုင်စုပေါင်းစစ်ဆေးရေးဂိတ် စာရင်းများအရ သိရှိရသည်။

            အဆိုပါ စီးထွက်မှုမှာ ၂၀၂၄ခုနှစ် အောက်တိုဘာလ နှင့် နိုဝင်ဘာလ စီးထွက်မှုကို နှိုင်းယှဉ်ပါက စီးထွက်မှု ဆန်အိတ်(၁၇၄၃၀၇)အိတ်၊ တန်အားဖြင့် ၂၅၃၂၇၅ တန် ပိုမိုတင်ပို့ကြောင်းနှင့်  ဆန်ကွဲ အိတ်(၁၈၉၀၈)အိတ်၊ တန်အားဖြင့် ၉၄၅ တန်ပိုမို စီးထွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)