Main menu

ပန်းဂေါ်ဖီနှင့် မုန့်လာဥဖြူဈေးကွက် အခြေအနေ

Powered by Drupal

          နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင်  ဆောင်းသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီနှင့် မုန်လာဥဖြူများ  လှိုင်လှိုင်ပေါ်ထွက်လျက်ရှိပါသည်။ ပန်းဂေါ်ဖီနှင့် မုန်လာဥဖြူများကို ပေါင်းတည်မြို့နယ်အတွင်းရှိ ပေါက်တန်းအုပ်စု ပေါက်တန်းကျေရွာ၊ မကျီးပင်ကျေးရွာ ကြူတောကန်အုပ်စုနှင့် တောင်ဘို့လှ အုပ်စုအတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိပါသည်။ ၎င်းအပြင် ရွှေတောင်မြို့နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိသော ပန်းဂေါ်ဖီနှင့် မုန်လာဥဖြူများလည်း ပေါင်းတည်မြို့နယ် ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ပေါင်းတည်မြို့နယ်မှ ထွက်ရှိသော ပန်းဂေါ်ဖီနှင့် မုန်လာဥဖြူများကို အခြားမြို့နယ်များသို့ ကုန်စိမ်းကားများဖြင့် တင်ပို့ရောင်းချကြောင်းလည်းသိရပါသည်။ ဈေးနှုန်းများအနေဖြင့်ယခု ဒီဇင်ဘာလ တတိယပတ်တွင် ပန်းဂေါ်ဖီ အပွင့်ကြီးတစ်ပွင့်  (၁၃၀၀)ကျပ်၊ အလတ်တစ်ပွင့် (၈၀၀)ကျပ်၊ အသေးတစ်ပွင့်  (၅၀၀)ကျပ်၊ မုန်လာဥဖြူ ဥကြီး ၄လုံးပါတစ်စည်း (၆၀၀)ကျပ်၊ အလတ် ၄လုံးပါတစ်စည်း (၄၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)