Main menu

မန္တလေးဘိလပ်မြေ၊ ဓါတ်မြေဩဇာ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

ဘိလပ်မြေ

        မန္တလေးမြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ဒီဇင်ဘာပထမအပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့် ဒီဇင်ဘာဒုတိယအပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ သိသိသာသာ ကွာဟမှုမရှိဘဲ ပုံမှန်ဈေးနှုန်းများအတိုင်း ရောင်းဝယ်လျှက်ရှိပါသည်။ Alpha ဘိလပ်မြေ(50)kg တစ်အိတ်လျှင်(၉၈၀၀)ကျပ်၊ Crown 525 ဘိလပ်မြေ(50)kg တစ်အိတ်လျှင်(၁၁၂၀၀ )ကျပ်၊ Crown 425 ဘိလပ်မြေ (50)kg တစ်အိတ်လျှင်(၁၀၇၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း သိရှိရသည်။

        ဓါတ်မြေဩဇာ

        ယခုအချိန်သည် ဆောင်းသီးနှံများဖြစ်သော ကုလားပဲ၊ ပဲမျိုးစုံနှင့် ကြက်သွန်နီများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းရာသီဖြစ်၍ ဓါတ်မြေဩဇာများ အရောင်းအဝယ်သွက်လျှက်ရှိပြီး ဒီဇင်ဘာဒုတိယအပတ်တွင် ဖြစ်ပေါ်နေသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမိုယူရီးယား ဓါတ်မြေဩဇာတစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ ဩဘာယူရီးယား ဓါတ်မြေဩဇာ တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ တရုတ်တီဆူပါ ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၁၈၀၀၀)ကျပ်၊ တရုတ်ပုလဲ ရွှေတောင်ဓါတ်မြေဩဇာတစ်အိတ်လျှင် (၉၂၀၀၀)ကျပ်၊ မြန်မာ့ဩဘာရွှေကောမတ် ဓါတ်မြေဩဇာ တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ ဂျာမနီပိုတက် ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၁၉၀၀၀)ကျပ်၊ ဩဘာကွန်ပေါင်း(18:10:5) ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၀၅၀၀၀)ကျပ်၊ တရုတ်အာမို ကွန်ပေါင်း(16:16:16) ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ် လျှက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)