Main menu

မကွေးမြို့ပေါ်ရှိ အထူးကုဆေးရုံများရှိ ဆေးဆိုင်များနှင့် ပြင်ပဆေးဆိုင်များအား ဌာနစုံဖြင့် အထူးစျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စားသုံးသူ‌ရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများ အဆမတန် စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် အပတ်စဉ် ကွင်းဆင်းကြီးကြပ်လျှက် ရှိရာ (၁၉.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ အထူးကုန်ဆေးရုံများရှိ ဆေးဆိုင်များနှင့် ပြင်ပရှိဆေးဆိုင် သီးသန့်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်းသိရသည်။

          ဆေးဆိုင်များ၌ တရားမဝင်တင်သွင်းလာသော ဆေးဝါးများ၊ သက်တမ်းလွန်နေသော ဆေးဝါးများရောင်းချမှုရှိ/ မရှိ၊ ဆေးရောင်းချခွင့်လိုင်စင်များ ပြုလုပ်ထားခြင်းရှိ/ မရှိ၊ ဆေးများ အဆမတန်မြှင့်တင်ရောင်းချမှုရှိ/ မရှိနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးတို့အား စိစစ်ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)