Main menu

ရွှေဘိုမြို့၌ ဒီဇင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၃၇၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၄၉၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၉၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၅၄၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခု ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၃၄၄၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၅၆၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၉၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၆၂၅)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင်(၇၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၇၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၆၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၈၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)