Main menu

ရွှေဘိုမြို့အတွင်း ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းများ

Powered by Drupal

          စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဒီဇင်ဘာလ တတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ  မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရ သည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၈၂၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဒီဇင်ဘာလ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၈၅၅၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့်  ၊  စားအုန်းဆီ တစ်ပိဿာလျှင် (၃၀၀)ကျပ် ဈေးနှုန်း မြင့်တက် လျက်ရှိပြီး၊နှမ်းဆီသန့်နှင့်   ပဲဆီသန့်ဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်း တည်ငြိမ် လျက်ရှိကြောင်း စားသုံးဆီ လက်ကား အရောင်းဆိုင် များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)