
ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်း လျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်းကျင်းပခဲ့ရာ ရွှေဘိုခရိုင်နှင့် မြို့နယ်အဆင့် ဝန်ထမ်းများ လမ်းလျှောက်ပွဲပါဝင်ဆင်နွဲကြပြီး ရွှေဘိုမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားများဆောင်ရွက်ကြရာ လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲကြသော ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် (၇:၀၀)နာရီအချိန်တွင် စားအုန်းဆီများကို ရောင်းချခဲ့ပါသည်။
အဆိုပါ လမ်းလျှောက်ပွဲမှ ပြန်လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား စားအုန်းဆီ (၂၂၀)ဘူး ရောင်းချခဲ့ရာ (၁)ဦးလျှင် စားအုန်းဆီ (၁)ဘူးနှုန်းရောင်းချပြီး (၅၀) ဆယ် သား (၁)ဘူးလျှင် (၄၃၀ဝိ/-)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)