Main menu

ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း ရေနံတင်းသွင်းမှုအတွက် ဒေါ်လာ ၂.၁၈ ဘီလီယံသုံးစွဲ

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံ၏ ဒီဇယ်လောင်စာနှင့်ရေနံဆီတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လ အတွင်း ၁၁.၃ ရာခိုင်နှုန်းအထိတိုးလာသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC) မှ ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရသိရသည်။ ဒီဇယ်လောင်စာနှင့် ရေနံဆီ တင်သွင်းမှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း စုစုပေါင်းကန်ဒေါ်လာ ၂.၁၈ ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁.၃ ရာခိုင်နှုန်းတိုးလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားခဲ့သည်။ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာနက ကမ္ဘောဒီးယား၏ ရေနံထွက်ကုန် လိုအပ်ချက်သည် ၂၀၂၀ ခုနှစ်တွင် တန်ချိန် ၂.၈ သန်းမှ ၂၀၃၀ ခုနှစ်တွင် တန်ချိန် ၄.၈ သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင် ခံစာအရ နိုင်ငံတော်သည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်းစုစုပေါင်း ၉၀၈ သန်းနီးပါး တန်ဖိုး ရှိသော မော်တော်ယာဉ်များတင်သွင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇.၂ ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့သည်။

DOCA(ရန်ကုန်)