Main menu

ဓနုဖြူမြို့တွင် ဆန်အရောင်းဆိုင်များအား ဈေးနှုန်းနှင့် ဆန်ပြတ်လပ်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဆန် စျေးကွက်အတွင်း  စျေးနှုန်းမြှင့် တင်ရောင်းချမှု မရှိစေရေးနှင့် ဆန်များ ပြတ်လပ်မှု ရှိ/မရှိကို ၂၀.၁၂.၂၀၂၄ ရက်နေ့ နေ့လည် ၁၂၀၀ နာရီက မိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးနှင့် မိတ်ဖက်ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် ဓနုဖြူမြို့ပေါ်နှင့် ကျေးရွာများရှိ ဆန်အရောင်ဆိုင်များ  ဆန်ပြတ်လပ်မှုရှိ/ မရှိ၊ ဆန်အိတ်သိုလှောင်ထားမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအခြေအနေများကို စစ်ဆေးခဲ့သည်။  ဆန်ရောင်ချသော ဆန်ဆိုင်များကို ဆန် ၂၅တန်နှင့် အထက် သိုလှောင်ထားရှိပါက (MyRo) တွင် မှတ်ပုံတင်ဆောင်ရွက်ပြီးမှ ရောင်းချရန်ကိုလည်းကောင်း၊ မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။ ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုရှင်း လင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ဧရာဝတီ)