Main menu

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sales)လုပ်ငန်းများ မှတ်ပုံတင်ခြင်းအကြောင်း အသိပညာပေး Talk Show

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန ၊ လူထု အခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိ စေရန် ရည်ရွယ်ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ အွန်လိုင်းမှတ်ပုံ တင်ခြင်းဆိုင်ရာ သိကောင်းစရာ အကြောင်းTalk Show ကို (၁၉-၁၂-၂၀၂၄)ရက်နေ့ နံနက် ၁၀ နာရီ တွင် ပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က အွန်လိုင်းမှတ်ပုံ တင်ခြင်းဆိုင်ရာ သိကောင်းစရာအကြောင်းကို ရှင်းလင်းဆွေးနွေးပေးပါရန်တင်ပြရာ စားသုံးသူရေးရာ ဦးစီးဌာန ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက် မြို့နယ်တာဝန်ခံက  အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ခဲ့ပြီး၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sales)လုပ်ငန်းများ မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့မှ စတင်၍ eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းကို  ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ (Online Sales) မှတ်ပုံတင် နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System အကြောင်းများကို လည်းကောင်း၊ အွန်လိုင်း မှတ်ပုံတင်နိုင်ရန်အတွက် အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ခြင်းလုပ်ငန်းတွင် လိုအပ်သော မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရ မည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sales)၊ လုပ်ငန်း မှတ်ပုံတင် (အသစ်)လျှောက်ထားရမည့် လုပ်ငန်းစဉ် အဆင့်ဆင့် များကို လုပ်ငန်းရှင်အား ရှင်းလင်းပြောပြခဲ့ပြီး လုပ်ငန်းရှင်တို့မှ မှတ်ပုံတင်လျှောက်ထားရာတွင် လုပ်ငန်းပိုင်ရှင်၏ နေရပ်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံချက်၊ လုပ်ငန်းတည်နေရာမှန်ကန်ပါကြောင်း ရပ်ကွက်ထောက်ခံချက်၊ လုပ်ငန်း ပိုင်ရှင်၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံချက်၊ လုပ်ငန််းပိုင်ရှင်၏ မှတ်ပုံတင် အရှေ့အနောက်ဓါတ်ပုံ၊ ပါတ်စပိုစ့်ဆိုဒ် ဓါတ်ပုံ၊ လုပ်ငန်း၏ Logo ပုံ တို့ဖြင့်အတူ မှတ်ပုံတင် Certificate ရယူပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးရာ မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီပါက အွန်လိုင်းစနစ်ဖြင့် ကုန်စည်ရောင်းချခွင့်ကို ရောင်းချခွင့်ရရှိမည်ဖြစ်ကြောင်းကို ပြည်သူများသိရှိနိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)