Main menu

Anchorပဲခူးခရိုင်အတွင်းရှိ အသင့်စားစည်သွပ်ဗူးအမျိုးမျိုးပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ၊ မရှိ ကွင်းဆင်းဆင်းစစ်ဆေး

Powered by Drupal

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်းနှင့်အဖွဲ့သည် (၁၉.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် ပဲခူးမြို့ပေါ်ရှိ စတိုးဆိုင်များ၊ ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ မြို့ပေါ်ရှိ mart များသို့ သွားရောက်၍ အသားဟင်း၊ ငါးဟင်း စည်သွပ်ဗူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားကွဲလွဲမှုရှိ၊ မရှိ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများပေါ်တွင် ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များတူညီမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံမှ လုပ်ငန်းရှင်များအား မိမိတို့ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းပြည့်စုံမှန်ကန်စွာ ဖော်ပြထားရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုသည်များရှိပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း  ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)