Main menu

အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ရှိ စက်ရုံအလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ရှိ DS သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ထုတ်လုပ်မှုအခြေအနေများနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားမှုများကိုကို ကြည့်ရှုလေ့လာရာ လုပ်ငန်းရှင်က လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို လိုက်လံရှင်းလင်းပြသကြောင်းသိရသည်။

           ထို့နောက် ညောင်ခြေထောက်မြို့ရှိ လင်းသုခဆန်စက်သို့ သွားရောက်ပြီး မြန်မာဆန်စပါး အွန်လိုင်းတွင် သိုလှောင်ရုံမှတ်ပုံတင်လျှောက်ထားမှု၊ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများ၊ ဈေးနှုန်းဈေးကွက် အခြေအနေများကို ကြည့်ရှုလေ့လာရာ လုပ်ငန်းရှင်က လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

             မြို့နယ်တာဝန်ခံသည် လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ပါ ပြဌာန်းချက်များနှင့် အညီဆောင်ရွက်ရေး၊ လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရန် အလေးထားဆောင်ရွက်ရေးကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)