Main menu

အထူးစီးပွားရေးဇုန်များမှတဆင့် ပို့ကုန်သည် ၁၁ လအတွင်း ကန်ဒေါ်လာ ၅.၄ ဘီလီယံအထိ ရောက်ရှိခဲ့

Powered by Drupal

             အထူးစီးပွားရေးဇုန်များ (SEZs) မှတဆင့် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း ၂၅-၁၂-၂၀၂၄ ရက်နေ့ကထုတ်ပြန်ခဲ့သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ အစီရင်ခံစာအရ သိရသည်။ Preah Sihanouk ပြည်နယ်တွင်တည်ရှိသော တရုတ်နိုင်ငံပိုင် Sihanoukville SEZ သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း စုစုပေါင်းပို့ကုန် အမေရိကန်ဒေါ်လာ ၁.၄၉ ဘီလီယံနှင့် Royal Group Phnom Penh SEZ မှ ၁.၀၈ ဘီလီယံ ရရှိခဲ့ကြောင်းသိရသည်။ အထူးစီးပွားရေးဇုန်များသည် ကုန်ထုတ်လုပ်မှု၊ နည်ပညာနှင့်ထောက်ပံ့ပို့ဆောင်ရေးအပါအဝင် စက်မှုလုပ်ငန်းမျိုးစုံတွင် ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်နေကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကောင်စီ (CDC) ၏ အထွေထွေအတွင်းရေးမှူး Chea Vuthy ပြောကြားခဲ့သည်။ SEZs များသည် ရင်းနှီးမြှုပ်နှံသူများကို သွင်းကုန်နှင့်ပို့ကုန်များအတွက် “one-stop” ဝန်ဆောင်မှု ပေးနိုင်ရန်နိုင်ငံတစ်ဝှမ်းတွင် တည်ထောင်ထားပြီး ၎င်းတို့သည် ကုန်သွယ်မှုကိုများစွာလွယ်ကူ ချောမွေ့စေကြောင်းနှင့် အဆိုပါအချက်အချာကျသောနေရာများသည် အမျိုးသားစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အဓိကကျပြီးသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများနှင့် ပိုမိုချိတ်ဆက်လျက်ရှိ ကြောင်း ထပ်မံပြောကြားခဲ့သည်။ အထူးစီးပွားရေးဇုန်များသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ထုတ်ကုန်များ၊ မော်တော်ကားအစိတ်အပိုင်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ကားတာယာထုတ်လုပ်မှု၊ မော်တော်ကားနှင့် စက်ဘီးတပ်ဆင်သည့်ကဏ္ဍများကို အဓိကအာရုံစိုက်လျက်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏အခြေခံအဆောက်အအုံများ ဆက်လက်ဖွံ့ဖြိုးတိုးတက် လျက်ရှိပြီး စီးပွားရေးပတ်ဝန်းကျင်ကိုမြှင့်တင်ပေးသည့်အနေဖြင့် အထူးစီးပွားရေးဇုန်များသည် လာမည့်နှစ်များတွင် စီးပွားရေးတိုးတက်မှုတွင်အရေးပါသော အခန်းကဏ္ဍမှပါဝင်လာမည်ဟု မျှော်လင့်ထားကြောင်း Vuthy ကပြောကြားခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းနှင့် အထူးစီးပွားရေးဇုန်များအတွင်း ဆန်းသစ်တီထွင်မှုမြှင့်တင်ခြင်းတို့အပေါ် အစိုးရ၏အာရုံစိုက်မှုသည် အဆိုပါအထူးစီးပွားရေးဇုန်များ၏ အလားအလာကို အကောင် အထည်ဖော်ရန်အရေးကြီးကြောင်း ဝန်ကြီးချုပ် Hun Manet မှ မကြာသေးမီက တိုက်တွန်းထားခဲ့ကြောင်းသိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)