ယခုနှစ် ပထမ ၁၁ လအတွင်း ဥဇဘက်ကစ္စတန်သည် ကန်ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့ခဲ့ကြောင်း နိုင်ငံ၏စာရင်းအင်း အေဂျင်စီကို ကိုးကား၍ ဥဇဘက်ကစ္စတန် မီဒီယာ၏ ၂၁.၁၂.၂၀၂၄ ရက်နေ့ကဖော်ပြချက်အရသိရသည်။ အဆိုပါ ကိန်းဂဏန်းသည် လွန်ခဲ့သော တစ်နှစ်ကထက် ၃၀ ရာခိုင်နှုန်း တိုးလာကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။ ရုရှားသည် အဓိကစျေးကွက်များထဲတွင် ၄၂.၁ ရာခိုင်နှုန်း၊ ၎င်း၏နောက်တွင် ကာဇက်စတန်နှင့် ပါကစ္စတန်တို့က ၁၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၁၂ ဒသမ ၆ ရာခိုင်နှုန်း အသီးသီးရှိသည်။ ဥဇဘက်ကစ္စတန်၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ထိုကာလအတွင်း ဒေါ်လာ ၅၉.၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းသိရသည်။
DOCA(ရန်ကုန်)