Main menu

၂၀၂၄ ခုနှစ်တွင်ဗီယက်နမ်နိုင်ငံ၏ရေထွက်ကုန်တင်ပို့မှုအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရောက်ရှိ

Powered by Drupal

              ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်ကြမ်းပစ္စည်းနှင့် ဆက်စပ်သည့်ဈေးကွက်များတွင် စိန်ခေါ်မှု များရှိနေ‌သော်လည်း ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ရေထွက်ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရောက်ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများ အသင်း (VASEP) က ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြောကြားခဲ့ကြောင်းသိရပါသည်။ ပုဇွန်နှင့် Pangasius ငါးတင်ပို့မှုမှဝင်ငွေရရှိမှုသည် စုစုပေါင်းဝင်ငွေရရှိမှု၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ပုဇွန်များတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံနှင့် Pangasius ငါးတင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၂ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၆.၇ ရာခိုင်နှုန်းနှင့် ၈.၉ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ကုန်ကြမ်းပစ္စည်း ရှားပါးမှုရှိသော်လည်း တူနာငါးတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ၁ ဘီလီယံရရှိခဲ့ကြောင်း သိရသည်။ အခြားငါးများ တင်ပို့မှုမှအမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံနှင့် ရေဘဝဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၆၂ သန်း ရရှိခဲ့ကြောင်းသိရပါသည်။ VASEP ၏ဥက္ကဌဖြစ်သူ Nguyen Thi Thu Sac က လုပ်ငန်းနယ်ပယ်သည် ကမ္ဘာ့စီးပွားရေးနာလံထူမှုနှေးကွေးခြင်းနှင့် အဓိကဈ ေးကွက်များတွင် ငွေကြေးဖောင်းပွမှုများ ရှိနေသော်လည်း ၂၀၂၄ ခုနှစ်တွင်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိရန် ရည်မှန်းခဲ့ကြောင်းနှင့် အခက်အခဲများ ရှိသော်လည်း ပြည်တွင်းရေထွက်ကုန်ကဏ္ဍသည် ကြံကြံခံနိုင်မှုနှင့် လိုက်လျောညီထွေ လုပ်ဆောင်နိုင်မှုကိုပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ကမ္ဘာပေါ်တွင် တရုတ်နှင့်နော်ဝေ၏နောက်တွင် တတိယမြောက်အကြီးမားဆုံး ပင်လယ်စာတင်ပို့သူ ဖြစ်ကြောင်း သိရပါသည်။ ထိုရလဒ်သည် ဗီယက်နမ်ပင်လယ်စာလုပ်ငန်းအတွက် ၂၀၂၅ ခုနှစ်တွင် ပိုမို ကြီးထွားလာရန် ခိုင်မာသောအခြေခံအုတ်မြစ်အဖြစ် ပံ့ပိုးနိုင်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်  နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဖြစ်သူ Phung Duc Tien က နိုင်ငံ၏ပင်လယ်စာလုပ်ငန်းနယ်ပယ်သည် တရားမဝင်သော၊ အစီရင်ခံစာ မတင်သော၊ စည်းမျဉ်းနှင့်မညီသောငါးဖမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညစ်စေခြင်းတို့ကြောင့် ဥရောပကော်မရှင်၏ Yellow Card သတိပေးခံထားရခြင်းပါဝင်သော စိန်ခေါ်မှုအသစ်များနှင့် ၂၀၂၅ ခုနှစ်တွင် ရင်ဆိုင်ရနိုင်ကြောင်းပြောကြားခဲ့ပါသည်။ သို့သော်လည်း ကုန်ကြမ်းပစ္စည်းရရှိမှုမြင့်တက် လာနိုင်ခြင်းနှင့် တင်ပို့ရာဈေးကွက်သစ်များတိုးချဲ့လာခြင်း အစရှိသော ကောင်းမွန်သည့်အခြေအနေများလည်း ရှိနေကြောင်းသိရပါသည်။ ဗီယက်နမ် ပင်လယ်စာကုမ္မဏီများသည်လည်း နည်းပညာမြင့် ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးမြင့်ကုန်ထုတ်လုပ်ခြင်းတို့ဖြင့် ၂၀၂၅ ခုနှစ်တွင် ပင်လယ်စာ တင်ပို့မှုမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော်မှ ၁၁ ဘီလီယံကျော်ထိရရှိရန် ရည်မှန်း ထားကြောင်းသိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)