နယူးဇီလန်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် ၂၀၂၅ ခုနှစ် ဇွန်လတွင် နယူးဇီလန်ဒေါ်လာ ၂.၂ ဘီလီယံအထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီး Shane Jones က ပြောကြားခဲ့သည်။နယူးဇီလန်ပင်လယ်စာတင်ပို့မှုအတွက် အနာဂတ်အလားအလာ အားကောင်းနေကြောင်း Jones က ပြောကြားပြီး ပင်လယ်စာကဏ္ဍ၏ ကြိုးစားအားထုတ်မှုကို ထည့်သွင်းပြောကြားခဲ့သည်။တောင့်တင်းသောဝယ်လိုအား၊ တင်းကျပ် သော ကမ္ဘာ့ရောင်းလိုအား နှင့် ပို့ကုန်စျေးနှုန်းများ မြင့်မားခြင်းသည် ပင်လယ်စာပို့ကုန် တင်ပို့မှုကို မြှင့်တင်ပေးပြီး နိုင်ငံ၏ ငါးမွေးမြူသူများ၊ ငါးဖမ်းသမားများနှင့် ပရိုဆက်ဆာများထံ သို့အကျိုးအမြတ်များပြန်လည် ရောက်ရှိစေကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ပင်လယ်စာ ကဏ္ဍသည် ထုတ်လုပ်မှုကုန်ကျ စရိတ်ကို မြင့်တက်စေသည့် ရာသီဥတုနှင့် ပထဝီဝင်နိုင်ငံရေး ပြဿနာများအပါအဝင် စိန်ခေါ်မှု များစွာကို ကောင်းစွာ ရပ်တည်ရင်ဆိုင်နိုင်ခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုဖြေလျှော့မှုကြောင့် အတိုးနှုန်းများ လျှော့ကျလာပြီး ကြွေးမြီး၊ ဝန်ဆောင်မှု စရိတ်များ လျော့ကျသွားကာ ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်စရိတ်များလည်းသက်သာ လာကြောင်း သိရသည်။ နယူးဇီလန်အစိုးရမှ လက်ရှိ အဏ္ဏဝါမွေးမြူရေးလုပ်ငန်းကမ်းရိုးတန်းပါမစ် အတွက် စည်းကမ်း ချက်များကို အနှစ် ၂၀ သက်တမ်းတိုးခဲ့ပြီး ငါးဖမ်းခွန်များကို ဖြတ်တောက်ကာ ၂၀၃၅ ခုနှစ်တွင် ပင်လယ်စာရောင်းချမှု ဝင်ငွေ သုံးဆတိုးလာ၍ နယူးဇီလန် ဒေါ်လာ ၃ ဘီလီယံအထိ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။
DOCA(ရန်ကုန်)