(၂၄.၁၂.၂၀၂၄) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာဈေးများဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် အခြေခံစားသောက်ကုန်များကို တန်ဖိုးသင့်တင့်စွာဖြင့် စားသုံးနိုင်ရေးအတွက်မြို့နယ်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချနေမှုရှိ/ မရှိအား ပူးပေါင်းကွင်းဆင်းဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းရှိ ဈေး (၂) ဈေးနှင့် ရက်ကွက် (၃) ခုရှိ အရောင်းဆိုင် (၉)ဆိုင်တို့ရှိ ဆန်၊ ဆီ၊ ဘဲဥ၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များကို တန်ဖိုးသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် သင့်တင့်မျှတစွာရောင်းချပေးနိုင်ရန် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက အသိပေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (လ/ထကြီးကြပ်ရေးမှူး)မှ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းမြှင့်တင်ရောင်းချနေသည်ကိုတွေ့ရှိပါက စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)