Main menu

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် ပဲတီစိမ်းများတင်ပို့

Powered by Drupal

        ဥ‌ရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ပြုလုပ်မည့် ပဲတီစိမ်းများတင်ပို့ရာတွင် ၎င်းနိုင်ငံများမှ ကျင့်သုံး ဆောင်ရွက်လျက်ရှိသော ဥပဒေသတ်မှတ်ချက်များနှင့်ကိုက်ညီစွာ စိုက်ပျိုးထုတ်လုပ် တင်ပို့ သွားနိုင်ရေး အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်မှ စတင်၍ ဥရောပသမဂ္ဂနိုင်ငံများ သို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲများတင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို စားသုံးသူ ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သတင်းအချက်အလက် နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက အတွင်းရေးမှူးအဖြစ် လည်း ကောင်း တာဝန်ယူပြီး သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ပဲတီစိမ်း စတင်စိုက်ပျိုးချိန်မှ ထုတ်လုပ်ချိန်အထိ လုပ်ငန်းစဉ်အဆင့်ဆင့် အား ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

       လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နှစ်စဉ် ဥရောပသမဂ္ဂသို့ ပဲတင်ပို့လိုသည့် ကုမ္ပဏီ များအား အဆိုပြုလွှာများ ဖိတ်ခေါ်၍ အဆိုပြုလွှာတင်သွင်းလာသည့် ကုမ္ပဏီလုပ်ငန်းရှင်များ ပါဝင် သည့် မြန်မာပဲများတင်ပို့သူအစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ တောင်သူပညာပေးသင်တန်းကြီးကြပ် ရေးအဖွဲ့ ဖွဲ့စည်း၍ သင်တန်းအစီအစဉ် ရေးဆွဲခြင်း၊ စစ်ဆေးရေးမှူးသင်တန်းအစီအစဉ် ရေးဆွဲခြင်း၊ တောင်သူစာရင်းပြုစုခြင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း စိုက်ပျိုး တောင်သူများအား ကောင်းမွန်သော စိုက်ပျိုးမှုနည်းစနစ်များအတိုင်း စိုက်ပျိုးစေရန် နည်းပညာပေး သင်တန်းများပို့ချခြင်း၊ အဝယ်ဒိုင်(Collector) များ၊ စစ်ဆေးရေးမှူးများအား သင်တန်းပို့ချခြင်း၊ စိုက်ပျိုး ဒေသအလိုက်ကွင်းဆင်းစစ်ဆေးခြင်း၊ အဝယ်ဒိုင်များနှင့် ပြုပြင်ထုပ်ပိုးသည့် စက်ရုံ (Processor) များ အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အပင်ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် ထုတ်ပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

      ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် ပဲတီစိမ်းများကို နှစ်စဉ်တင်ပို့လျက် ရှိရာ ၂၀၁၅ ခုနှစ်မှ စတင်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ စုစုပေါင်းတန်ချိန် ၈၃,၀၇၈ တန် တင်ပို့နိုင် ခဲ့ကြောင်း သိရှိရပါသည်-

    ခုနှစ်

 

             တင်ပို့တန်

၂၀၁၅ ခုနှစ်

-

၇,၇၅၅.၂၅၀

၂၀၁၆ ခုနှစ်

-

၇,၁၆၃.၃၇၅

၂၀၁၇ ခုနှစ်

-

၁၁,၁၆၀.၀၇၅

၂၀၁၈ ခုနှစ်

-

၈,၁၅၇.၂၅၀

၂၀၁၉ ခုနှစ်

-

၈,၀၇၃.၆၂၅

၂၀၂၀ ပြည့်နှစ်

-

၅,၀၅၃.၇၅၀

၂၀၂၁ ခုနှစ်

-

၉,၆၇၅.၂၅၀

၂၀၂၂ ခုနှစ်

-

၈,၅၇၈.၁၂၅

၂၀၂၃ ခုနှစ်

-

၈,၉၄၇.၀၂၅

၂၀၂၄ ခုနှစ်

-

၈,၅၁၄.၃၇၆

 

 

 

DOCA(ITQM)