၁၄။ ထိုင်းနိုင်ငံတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြား ကုန်သွယ်မှုဦးစီးဌာနသည် ဆန်တင်ပို့လိုသည့် လုပ်ငန်းရှင်များ၏ တင်ပို့ခွင့်လျှောက်ထားမှုအား စိစစ်ခွင့်ပြုရာ၌ ယခင်က ၃ ရက်ခန့်ကြာသည်အထိ အချိန်ယူစောင့်ဆိုင်းရသည့် အခြေအနေမှ ယခုအခါ မိနစ် ၃၀ သာ အချိန်ပေးရမည့် လုပ်ငန်းစဉ်အဖြစ်သို့ အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
၁၅။ ထိုသို့ လုပ်ဆောင်မှုသည် လယ်သမားများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SMEs) အဆင့်ရှိသော ဆန်ကုန်သည်များအား ၎င်းတို့၏ ဆန်များကို ကမ္ဘာအနှံ့ လွတ်လပ်စွာ တင်ပို့နိုင်စေရေး တွန်းအားပေးရန် ချမှတ်ထားသည့် အစိုးရ၏ မူဝါဒနှင့်အညီ ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ စာရွက်စာတမ်း အထောက်အထားများ စိစစ်သည့်လုပ်ငန်းစဉ်ကို အီလက် ထရွန်းနစ် စင်္ကြန်တစ်ခုအဖြစ်သို့ ပြောင်းလဲခြင်းက ဌာနအနေဖြင့် ဆန်တင်ပို့ခွင့်လျှောက်ထားမှု အတွက် စောင့်ဆိုင်းချိန်ကို ၃ ရက်ခန့် ကြာမြင့်မှုမှ မိနစ် ၃၀ အတွင်းသို့ လျှော့ချနိုင်ခဲ့ကြောင်း၊ ဆန်တင်ပို့လိုသူများအတွက် ပြည်တွင်း၌ မဖြစ်မနေသိုလှောင်ထားရှိရမည့် ဆန်ပမာဏ သတ်မှတ် ချက်အား လျှော့ချခြင်းနှင့် ပို့ကုန်ပါမစ်လျှောက်ထားမှု အခကြေးငွေများအား လျှော့ချခြင်းတို့ အပါ အဝင် ဆန်တင်ပို့မှုမြှင့်တင်ရေး အစီအမံများကို ဝန်ကြီးဌာနက ချမှတ်ဆောင်ရွက်မှုသည် လုပ်ငန်း ငယ်များအား ဆွဲဆောင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဆန်တင်ပို့ခြင်းကို ပထမဦးဆုံး အကြိမ်အဖြစ် စတင်လုပ်ကိုင်မည့် လုပ်ငန်းရှင်များအနေဖြင့် အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်စေ ရေးအတွက် ဥရောပသမဂ္ဂနှင့် ဗြိတိန်မှ ခွဲဝေချထားပေးသော ဆန်ခွဲတမ်းများအား မည်ကဲ့သို့ လျှောက်ထားရမည်ကို ဦးစီးဌာနက အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းဖြင့် နိုင်ငံခြား ကုန်သွယ်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က ဇန်နဝါရီ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
၁၆။ အဆိုပါ ဦးစီးဌာနသည် ထိုင်းဆန်စပါးညီလာခံ (Thailand Rice Convention) ကို ယခုနှစ် အတွင်း ကျင်းပနိုင်ရန် စီစဉ်လျက်ရှိပြီး ကမ္ဘာတစ်ဝန်းမှ ဆန်လုပ်ငန်းကျွမ်းကျင်သူများနှင့် ကုန်သည်များကို ဖိတ်ခေါ်လျက် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။
၁၇။ အဆိုပါ လုပ်ဆောင်ချက်များသည် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုကို တန်ချိန် ၇ ဒသမ ၅ သန်း ခန့်အထိ မြှင့်တင်ရာ၌ အထောက်အကူပြုနိုင်မည်ဟု နိုင်ငံခြားကုန်သွယ်မှု ဦးစီး ဌာနက မျှော်လင့်ထားကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ထိုင်းနိုင်ငံသည် ဘတ် ၂၀၈ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ ဆန်တန်ချိန် ၉.၁၉ သန်း တင်ပို့နိုင်ခဲ့ပြီး အဓိက စျေးကွက်များမှာ တောင်အာဖရိက၊ ဥရောပ၊ အမေရိကန်၊ ကနေဒါနှင့် ဖိလစ်ပိုင်တို့ ဖြစ်ကြောင်း သိရပါသည်။
Source: The Nation, 3 Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့) DOCA(Domestic)