Main menu

ဘတ်သန်း ၄၀၀ တန်ဖိုးရှိ ထိုင်းမှသကာရည်များ တင်သွင်းခွင့် တရုတ်အာဏာပိုင် ငြင်းပယ်

Powered by Drupal

၂၆။     ထိုင်းနိုင်ငံရှိ သကာရည်စက်ရုံများတွင် ကျန်းမာသန့်ရှင်းမှုနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာရှိ သည်ဟု တရုတ်နိုင်ငံ၏ အစားအစာဘေးကင်းလုံခြုံရေး အေဂျင်စီက ပြောကြားခဲ့အပြီးတွင် ထိုင်း သကြားထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုမှာ လမ်းခုလတ်၌ ရပ်ဆိုင်းခဲ့ရာ ဘတ်ငွေ သန်းနှင့်ချီ၍ နစ်နာမှုရှိမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

၂၇။     တရုတ်နိုင်ငံဘက်မှ ထိုသို့ပြောကြားခဲ့မှု၏ ရလဒ်အဖြစ် ဘတ်ငွေသန်း ၄၀၀ ကျော်တန်ဖိုးရှိ သော သကာရည်များ တင်ဆောင်လာသည့် ထိုင်းကုန်တင်သင်္ဘောများသည် တရုတ်နိုင်ငံ ကမ်းရိုး တန်းတွင် သောင်တင်နေလျက်ရှိသည်။

၂၈။     ပေကျင်းမြို့အခြေစိုက် ထိုင်းသံရုံးမှ လယ်ယာစိုက်ပျိုးရေးဌာန၏ အဆိုအရ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့  (GACC) လက်အောက်ရှိ  အစားအစာ ဘေးကင်းလုံခြုံရေးဗျူရိုသည် ထိုင်းနိုင်ငံထုတ် သကြားရည် (ကုဒ်အမှတ် ၁၇၀၂၉၀၁၁၀) နှင့် ကြိုတင်ရောစပ်ထားသော သကြားအမှုန့် (ကုဒ်အမှတ် ၁၇၀၂၉၀၁၂၀၀) တို့ကို ငြင်းပယ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု သိရှိရသည်။

၂၉။     ထိုင်းနိုင်ငံ၏ အဆိုပါထုတ်ကုန်နှစ်မျိုးအတွက် ထုတ်လုပ်သည့်အပိုင်းတွင် သန့်ရှင်းမှုမရှိ သော အခြေအနေများကို တရုတ် GACC အာဏာပိုင်အဖွဲ့က ထောက်ပြခဲ့ပြီး ထိုင်းနိုင်ငံဘက်ရှိ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအနေဖြင့် ကုန်စည်များ တင်ပို့ခြင်းမပြုမီ ကုန်ထုတ်စက်ရုံ များ၏ စီမံခန့်ခွဲမှုကို မဖြစ်မနေ အကဲဖြတ်ဆန်းစစ်မှုများ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ ၎င်း ကြေညာချက်တွင် သကာရည်နှင့် ရောနှောအမှုန့်ထုတ်လုပ်သည့် ကုမ္ပဏီအသစ်များ မှတ်ပုံတင် ခြင်းအား ဆိုင်းငံ့ထားရန်နှင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နောက်ပိုင်း ထိုင်းနိုင်ငံမှ တရုတ် နိုင်ငံသို့ အဆိုပါထုတ်ကုန် နှစ်မျိုး တင်ပို့ရောင်းချမှုအားလုံးကို တားမြစ်ပိတ်ပင်ရန် အမိန့်နှစ်ရပ်ကို ဖော်ပြထားသည်။

၃၀။    ထိုင်းသကြားကုန်သွယ်မှု လုပ်ငန်းအသင်း ဥက္ကဋ္ဌ Todsaporn Ruangpattananont က ထိုင်းနိုင်ငံရှိ စက်ရုံပေါင်း ၄၇ ခု၏ လုပ်ငန်းများထိခိုက်ခဲ့ပြီး ၎င်းတို့အနေဖြင့် အဆိုပါကြေညာချက် မတိုင်မီ မည်သည့် ကြိုတင်အကြောင်းကြားချက်ကိုမျှ မရရှိခဲ့ကြောင်း၊ အကယ်၍ ထိုင်းစိုက်ပျိုးရေး နှင့် သမဝါယမဝန်ကြီးဌာနနှင့် GACC အာဏာပိုင်တို့အကြား စေ့စပ်ညှိနှိုင်းမှုမှ အပြုသဘော ဆောင်သောဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းမရှိပါက ထိုင်းနိုင်ငံ၏ လွတ်လပ်စွာကုန်သွယ်မှုဇုန်ရှိ GACC တွင် မှတ်ပုံတင်ထားသော သကာရည်နှင့် သကြားရောနှောအမှုန့်ထုတ်လုပ်သည့် ကုမ္ပဏီ ၇၄ ခုသည် ကုန်ပစ္စည်းများကို တင်ပို့နိုင်လိမ့်မည်မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ပြည်တွင်း သကြား ထုတ်လုပ်မှု တန်ချိန်ပေါင်း ၆.၅ သန်းအနက် ၎င်းစက်ရုံ ၇၄ ခုမှ ထုတ်လုပ်မှုသည် တန်ချိန် ၂.၁ သန်းရှိကြောင်း၊ အဆိုပါပမာဏကို တင်ပို့နိုင်မှုမရှိခြင်းသည် ယခုနှစ်၌ သကြားနှင့် ကြံစျေးနှုန်း များကို သိသိသာသာ ထိခိုက်စေနိုင်ကြောင်းဖြင့် ဇန်နဝါရီ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

၃၁။    ယခုအခါ ထိုင်းသံရုံးရှိ စိုက်ပျိုးရေးဌာနသည် ပို့ကုန်လုပ်ငန်းရှင်များအား ကူညီရန် ကြိုးပမ်း နေပြီး သတ်မှတ်ရက်မတိုင်မီ တင်ပို့သည့် ကုန်ပစ္စည်းများ ဝင်ရောက်မှု အဆင်ပြေစေရန် ကနဦး ကြိုးပမ်းလျက်ရှိကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်အရ ထိုင်းနိုင်ငံသည် ပြုပြင်ပြီး သကြားထွက်ကုန်များ အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး နှစ်စဉ် ဘတ် ၂၉.၈ ဘီလီယံဖိုးရှိသော ကုန်စည်များကို တရုတ်နိုင်ငံသို့ ရောင်းချနေကြောင်း သိရှိရသည်။

Source: Bangkok Post, 4 January, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့) DOCA(Domestic)