စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၂.၁.၂၀၂၅)ရက်နေ့၊နံနက်(၀၈:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့(ငွေသာစည်) စည်ပင်ဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားအုန်းဆီရောင်းချသောလက်လီဆိုင်များအနေဖြင့် ဆီဖြန့် ဖြူးသူ ကိုယ်စားလှယ်ထံမှခွဲဝေရရှိသည့် စားအုန်းဆီများကို (၂%) အမြတ်၊ သယ်ယူစရိတ်ပေါင်း၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချကြောင်း စိစစ်တွေ့ရှိရပါသည်။ စားအုန်းဆီလိုအပ်ချက်အပေါ် ဝယ်ယူရောင်းချသည့် ဗူးသွပ်ဆီများ၊ ရောနှောဆီများ ရောင်းချမရှိကြောင်းလည်းတွေ့ရှိရပါသည်။ စားသုံးဆီ ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက် အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စားအုန်းဆီအရောင်းဆိုင် (၆)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)