Main menu

ဟင်္သာတမြို့နယ် ကွန်ပျုတာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်လ

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂.၁.၂၀၂၅) ရက်နေ့ နေ့လည်(၁၄:၀၀)နာရီတွင် ဟင်္သာတမြို့၊ ကရင်ကျောင်းလမ်း၊ တာငါးဆယ်တောင်ရပ်ကွက်ရှိ ကွန်ပျုတာတက္ကသိုလ်ဝန်းအတွင်း ရွှေဝါထွန်းခမ်းမ၌ တက္ကသိုလ်ဆရာ/ဆရာမများနှင့် ကျောင်းသား /ကျောင်းသူ(၂၀၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် ပထမဦးစွာ ကွန်ပျုတာတက္ကသိုလ် ဒု-ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ   စားသုံးသူကာ ကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်  က AI ၏အသုံးဝင်ပုံ၊ ကောင်းကျိုး/ဆိုးကျိုးများအကြောင်း၊ Online ရောင်းဝယ်မှုနှင့်ပတ်သတ်၍ စားသုံးသူများ သိထားသင့်သည့် အချက်အလက်မျာအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  စားသုံးသူကာကွယ်ရေး လက်ကမ်းဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးမှ ကျေးဇူးတင်စကားပြောကြားပြီး ညနေ (၁၆:၀၀)နာရီအချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)