ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့နှင့် ပူးပေါင်း၍ (၁၃.၅. ၂၀၂၂)ရက်နေ့ နံနက်(၁၀:၄၀)နာရီအချိန်တွင် ဝါးခယ်မမြို့၊ မြို့မဈေးရှိ ဆေးဝါးရောင်းချနေသော ဆေးဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Bella Plus Plaster နှင့်ပတ်သက်၍ ထုတ်လုပ်သည့် နိုင်ငံ၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင်အမှတ် Import မှ Registration No, (IR) များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိနှင့် Online ပေါ်တွင် ကြော်ငြာ၍ ရောင်းချနေသော ရသေ့ဆေး(သို့)ထိုင်းတိုင်းရင်းဆေးများရောင်းချခြင်း ရှိ/မရှိစစ်ဆေး ခဲ့ပြီး သတ်မှတ်ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးမှတ်ပုံတင်မရှိသောဆေးများအား ရောင်းချခြင်းမပြုရန် ဆေးဝါးရောင်းချနေသော ဆေးဆိုင် ပိုင်ရှင်များအား အသိပေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)