ဆန်စပါးသိုလှောင်ထားရှိခြင်းများအတွက် ဆန်စပါးသိုလှောင်မှုမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ရန်အတွက် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန က မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပြီး မှတ်ပုံတင်ရန် ကျန်ရှိသော လုပ်ငန်းရှင်များရှိပါက မှတ်ပုံတင်နိုင် ရေးကို အသိပေးပြောကြားခဲ့ပြီး မအူပင်မြို့အတွင်း မှတ်ပုံတင်ဆောင်ရွက်ရန် ကျန်ရှိသော ဆန်စက်နှင့် သိုလှောင်ရုံလုပ်ငန်းရှင်များက စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ လာရောက် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပါတ်နှင့် ၂၀၂၅ခုနှစ် ဇန်နဝါရီ ၂ရက်နေ့က လုပ်ငန်းရှင် တော်တော်များများ လျောက်ထားခဲ့ကြောင်းသိရသည်။
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဆန်စက်နှင့် သိုလှောင်ရုံလုပ်ငန်းရှင်များက MyRoတွင် မှတ်ပုံတင်ရန်အတွက် လုပ်ငန်းအခက်အခဲရှိသူများ လာရောက်လျှောက်ထားမှုကို ကူညီဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်ပုံစံများတွင် ဖြည့်စွက်၍ ဌာန၏ထောက်ခံတင်ပြရမည့်အချက်များ၊ ပူးတွဲတင်ပြ ဆောင်ရွက်ရမည့်အထောက်အထားများ၊ မြန်မာနိုင်ငံဆန်စပါးအသင်း၏ ထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယား၊ သိုလှောင်ရုံ ဓါတ်ပုံ ၅ပုံ၊ ပိုင်ရှင် ဓါတ်ပုံ၊ မှတ်ပုံတင်၊ တာဝန်ခံ မှတ်ပုံတင်၊ သိုလှောင်ရုံတည်နေရာပြပုံတို့နှင့်အတူ လုပ်ငန်းရှင်ကိုယ်တိုင် လျှောက်ထားမှုကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)