Main menu

ဆေးဆိုင်များ၌ စံမညီသော ဆေးဝါး(၂)မျိုးအား ကွင်းဆင်းစောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာ လ(၂၇) ရက်နေ့ နေ့လယ်( ၁၃ : ၃၀ ) နာရီအချိန်တွင်  လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်၊ ကြည်သာယာရပ်ကွက်၊ သီရိမင်္ဂလာဈေးအတွင်းရှိ ဆေးဝါးများရောင်းချနေသောဆိုင်များ၌  မြန်မာနိုင်ငံစားသုံးသူကာရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၉ ပါ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စံမညီဆေးဝါး(၂)မျိုးအား သက်ဆိုင်မိတ်ဖက်များနှင့်ပူးပေါင်း၍  အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။  

           ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင် အစားအသောက်နှင့်‌ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စံမညီဆေးဝါးများဖြစ်သည့် Moxol Dry Syrup ( Amoxicillin Trihydrate BP equivalent to Amoxicillin 125 mg/ 5ml after reconstitution )R2005AA065 ၊ Levrazen Injection Levetiracetam USP 100 mg )/ml 2311AA4159  ဆေးဝါး(၂)မျိုးအားဝယ်ယူရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့် ကိုက်ညီနှင့်သော ဆေးဝါးများသာရောင်းချကြရန် အသိပညာပေးခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)