Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ ဆန်/စပါး ဈေးနှုန်း၊ဈေးကွက်အခြေအနေ

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ ဆန် ဈေးနှုန်း၊ ဈေးကွက်အခြေအနေ သိရှိနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စန္ဒာမွန်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ဇင်မိုးဝါ(အကြီးတန်းစာရေး)တို့သည် (၁၂.၅.၂၀၂၂) ရက်နေ့တွင် မြို့သာရပ်ကွက်ရှိ “ကျော်ထက်ခိုင်” ဆန်စက်လုပ်ငန်းရှင် ဒေါ်တင်တင်ချိုနှင့် သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ကလေးမြို့နယ် ဒေသတွင်း စပါးစိုက်ပျိုးထွက်ရှိမှုအပေါ်တွင် ပိုလျှံလျှက်ရှိပြီး၊ ကလေးနယ်မှ အထက်ပိုင်း ချင်း( ၅ ) မြို့နယ်နှင့် မုံရွာ၊ မန္တလေးသို့ တင်ပို့နေရပြီး၊ တမူးမြို့မှတဆင့် အိန္ဒိယနယ်စပ်ထိ တင်ပို့ရောင်းချ နေသော ဒေသဖြစ်ကြောင်း၊ ကလေးမြို့၏ ယနေ့ရောင်းဝယ်မှု အခြေအနေမှာ ယခင်ကာလများက (၂၄) ပြည်တစ်အိတ် ရောင်းချရပြီး ယခုကာလရောင်းဝယ်မှုတွင်( ၃၀ ) ပိဿာအလေးချိန်ဖြင့် ချိန်တွယ်၍ တင်ပို့ရောင်းချရကြောင်း၊ စျေးနှုန်းအနေဖြင့် ကလေးဒေသရဲ့ ပေါ်ဆန်း(ဆန်ကြမ် )  (၂၈) ပိဿာဝင်( ၁ ) အိတ်လျှင် (၂၆၀၀၀) ကျပ်၊ ဧရာမင်ဆန်(၂၈) ပိဿာဝင်( ၁ ) အိတ်လျှင် (၃၅၀၀၀) ကျပ်၊ ဆင်းသုခဆန် (  ၂၈ )ပိဿာဝင်တစ်အိတ်လျှင် ( ၂၆၀၀၀ ) ကျပ်၊ မှော်ဘီဆန် ( ၂၈ ) ပိဿာဝင် ( ၁ )အိတ်လျှင် ( ၃၂၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။ စပါးဈေးနှုန်းအနေဖြင့် ဧရာမင်းစပါး ( ၁၆ )ပြည် တစ်တင်းလျှင် ( ၉၀၀၀ )ကျပ်၊ ဆင်းသုခစပါး(၁၆) ပြည် တစ်တင်းလျှင် ( ၇၅၀၀ )ကျပ်၊ ပေါ်ဆန်စပါး( ၁၆ )ပြည်တစ်တင်းလျှင် ( ၈၀၀၀ ) ပေါက်ဈေးရှိကြောင်း ယခုကာလတွင် စပါးဆန်ရောင်းဝယ်မှုနေဖြင့် စားဆန်အဖြစ်သာ တင်ပို့ရောင်းချရလျက်ရှိကြောင်း၊ လစဉ်တစ်လ လျှင် ဆန်အိတ် ( ၁၅၀၀၀မှ ၂၀၀၀၀ )ခန့် မုံရွာ၊ မန္တလေးသို့ တင်ပို့လျက်ရှိကြောင်း ဆန်ကုန်သည် တစ်ဦး၏ ‌ပြောကြားချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)