မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် စားသုံးသူများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ (၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်ဈေးတန်း၌ မုန့်မျိုးစုံရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့်လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကိုရောင်းချခြင်းမပြုရန်၊ မြန်မာမုန့်များရောင်းချနေသည်ကိုလည်းတွေ့ရှိရကြောင်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်များ ရောင်းချရာတွင်လည်း သန့်ရှင်းသပ်ရပ်စွာ ရောင်းချစေလိုကြောင်းပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သိရှိရပါသည်။
DOCA( မကွေး)