Main menu

စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး  ဦးဆောင်၍ စစ်ကိုင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်း(၂)ဦးသည် စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ ရတနာထွန်းဆန်စက်လုပ်ငန်းပိုင်ရှင် ဦးသက်အောင်နှင့်တွေ့ဆုံ၍ စပါးသိုလှောင်ထားရှိမှု၊ ဆန်စက်လည်ပတ်နေမှု၊ စပါးကြိတ်ခွဲမှု၊ စပါးလက်ကျန် အခြေအနေများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ၁ရက်လျှင် စပါးကြိတ်ခွဲမှုပမာဏအနေဖြင့် (၁၅၀၀)တင်း ကြိတ်ခွဲလျက်ရှိကြောင်း၊  ဆန်တစ်အိတ်လျှင် (၂၅၀၀)ကျပ်ဖြင့် နဝလီ ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိကြောင်း၊ ဆန်တန်ချိန် ၂၅နှင့်အထက် (သို့မဟုတ်) စပါးတင်း ၂၅၀၀နှင့်အထက် ပိုင်ဆိုင်သည့် ဆန်၊ စပါး သိုလှောင်ရုံမှတ်ပုံတင် ရရှိပြီးဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူမှ သိုလှောင်ရုံများစနစ်တကျထားရှိရန်နှင့် စပါး/ ဆန် သိုလှောင်ထားရှိမှုအတွက် သိုလှောင်ရုံများရှိ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် MyRo တွင် Update စာရင်းမပျက်မကွက် ဖြည့်သွင်းဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဆန်/ စပါး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ ဆန်စက်တွင် စပါး သိုလှောင်ထားရှိမှုနှင့် ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထားရှိရန်နှင့်  MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)