ကမ္ဘောဒီးယားနိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇၆၂ သန်းအထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၁.၄၉ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ပို့ကုန်စုစုပေါင်း ကန်ဒေါ်လာ ၂၈၈ သန်းရှိခဲ့ပြီး ၁၃.၇၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပပြုလုပ်သည် CKFTA ပူးတွဲ ကော်မတီ အစည်းအဝေးတွင် နှစ်နိုင်ငံအကျိုးအမြတ်ရရှိစေရန်အတွက် CKFTA နှင့်ပတ်သက် သောအသိပညာပေးဆိုင်ရာ အစည်းအဝေးများ၏အရေးပါပုံတို့ကို အလေးပေးပြောကြားခဲ့သည်။ ပူးတွဲကော်မတီသည် ဝန်ဆောင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများအပါအဝင် အရေးကြီးသောနယ်ပယ်များ တွင် စေ့စပ်ညှိနှိုင်းမှုများထပ်မံပြုလုပ်ရန်လည်း သဘောတူညီခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ် CKFTA ပူးတွဲကော်မတီအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန်စီစဉ်နေကြောင်းနှင့် ကမ္ဘောဒီးယားတာဝန်ရှိသူများသည် ပူးပေါင်းဆောင်ရွက် မှုများအားကောင်းစေရန် တောင်ကိုရီးယား၏ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီများမှခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရည်ရွယ်ထားသည်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် တောင်ကိုရီးယားနှစ်နိုင်ငံကုန်သွယ်မှုသည် ကန်ဒေါ်လာ ၇၅၁.၃၈ သန်း အထိရောက်ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘောဒီးယားသို့ တောင်ကိုရီးယား၏ သွင်းကုန်သည် ၁၃.၈ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး ကန်ဒေါ်လာ ၄၇၀.၂၅ သန်းရရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်းသိရှိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)