ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap ပြည်နယ်အခြေစိုက် ငါးလုပ်ငန်းလုပ်ကိုင်သည့် Home Taste Food Enterprise သည် ၎င်းတို့၏ ပြုပြင်ထားသောငါးထွက်ကုန်များကို ဩစတြေးလျ နိုင်ငံသို့တင်ပို့ခဲ့ပြီး ပြည်ပဈေးကွက်တွင် ဝယ်လိုအားတိုးပွားလာမှုကိုဖြည့်ဆည်းပေးခဲ့သည်။ တင်ပို့ရောင်းချသူများသည် ကုမ္ပဏီ၏နိုင်ငံတကာလက်လှမ်းမီမှုကိုချဲ့ထွင်ရန်နှင့် ဩစတြေးလျ တွင် အရည်အသွေးမြင့်ငါးထွက်ကုန်များဝယ်လိုအားကို ဖြည့်ဆည်းရန်ကုမ္ပဏီ၏ ကတိကဝတ် ကိုပြသခဲ့ပြီး လုပ်ငန်းအတွက်သိသာထင်ရှားသောလှုပ်ရှားမှုတစ်ရပ်ဖြစ်ကြောင်း Home Taste Food Enterprise တည်ထောင်သူ Sim Sereirath ကပြောကြားခဲ့သည်။ ပို့ကုန်ကုမ္ပဏီ Polycell (Cambodia) Co.,Ltd နှင့်ပူးပေါင်း၍ ပြုပြင်ပြီးငါးတန်ချိန် ၃ တန်ကျော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်တင်ပို့ခဲ့ပြီးလာမည့်အပတ်တွင် ဈေးကွက်သို့ရောက်ရှိရန်စီစဉ်ထား ကြောင်း Sim Sereirath ကပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း အဆိုပါ Home Taste Food Enterprise သည်၎င်း၏ ပထမအသုတ်ငါးထွက်ကုန်များ ၄.၇ တန်ကို ဩစတြေးလျ နိုင်ငံသို့တင်ပို့ခဲ့ပြီး နိုင်ငံခြားဈေးကွက်သို့ငါးထွက်ကုန်တင်ပို့သည့် ပထမဆုံးသောကမ္ဘောဒီးယား ကုမ္ပဏီဖြစ်လာခဲ့သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) သည် အဓိကလုပ်ဖော်ကိုင်ဖက်များနှင့်ပူးပေါင်းကာ ငါးလုပ်ငန်းလုပ်ကိုင်သူများ၏ အရည်အသွေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု စစ်ဆေးခြင်းများကိုသေချာစေရန်အတွက် ပြည်တွင်းငါးလုပ်ငန်းကို ဆက်လက်ပံ့ပိုးပေးနေကြောင်း (MAFF) မှ ပြောရေးဆိုခွင့်ရှိသူ Im Rachna က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) ၏ ကိန်း ကဏန်းများအရ နိုင်ငံတော်သည် ၂၀၂၄ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၉၃၀,၀၀၀ သန်းခန့် ငါးထွက်ကုန်များတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၈၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)