ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၌ တရုတ်နှင့်အမေရိကန်တို့၏နောက်တွင် တောင်ကိုရီးယားနိုင်ငံ ၏ တတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီလ ၆ ရက်နေ့ကထုတ်ပြန်ခဲ့သည့် အချက်အလက်အရ နိုင်ငံ၏တင်ပို့မှုစုစုပေါင်းတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၆၈၃.၈ ဘီလီယံရှိပြီး ဗီယက်နမ်နိုင်ငံသို့အမေရိကန်ဒေါ်လာ ၅၈.၃ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၂၈.၄ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်း ခဲ့ကြောင်းသိရပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ဗီယက်နမ်နှင့် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၆.၇ ဘီလီယံရှိပြီး တရုတ်(အမေရိကန်ဒေါ်လာ ၂၇၂.၉ ဘီလီယံ) နှင့် အမေရိကန်(အမေရိကန်ဒေါ်လာ ၁၉၉.၉ ဘီလီယံ)နောက်တွင် တတိယ နေရာ၌ ရပ်တည်ခဲ့ကြောင်းသိရပါသည်။ တောင်ကိုရီးယားနိုင်ငံသည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂၉.၉ ဘီလီယံရရှိခဲ့ပြီး အမေရိကန်ထံမှရရှိသည့် ကုန်သွယ်ရေး ပိုငွေ အမေရိကန်ဒေါ်လာ ၅၅.၇ ဘီလီယံပြီးနောက် ဒုတိယအများဆုံးဖြစ်ကြောင်းသိရပါသည်။ ကိုရီးယားအေဂျင်စီများ၏ ဆန်းစစ်ချက်အရ ထိုသို့ကုန်သွယ်ရေးပိုငွေရရှိမှုသည် နိုင်ငံ၏ ဆီမီးကွန်ဒတ်တာတင်ပို့မှု ၂၀၂၃ ခုနှစ်မှစ၍ ပြန်လည်နာလံထူလာသောကြောင့်ဖြစ်ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ သည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၉.၂ ဘီလီယံ တန်ဖိုးရှိသော ဆီမီးကွန်ဒတ်တာ များတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄၃.၉ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်းသိရပါသည်။ ဆီမီးကွန်ဒတ်တာသည် နိုင်ငံ၏ဗီယက်နမ်သို့ အကြီးမားဆုံး တင်ပို့ခဲ့ သည့်ပစ္စည်းဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံကြားကုန်သွယ်မှုသည် လုပ်သားအားပြုရသည့် အထည်အလိပ်မှစ၍ ဆီးမီးကွန်ဒတ်တာကဲ့သို့သော တန်ဖိုးမြင့်ကုန်ပစ္စည်းများထိ ပါဝင်ကြောင်း သိရပါသည်။ ၂၀၁၄ တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် ဗီယက်နမ်-တောင်ကိုရီးယား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကလည်း ကုန်သွယ်မှုပမာဏကို အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံမှ ၈၀ ဘီလီယံထိ မြင့်တင်နိုင်ခဲ့ကြောင်းသိရပါသည်။ ခရီးသွားကဏ္ဍတွင် လည်း တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ်သို့အများဆုံး လာရောက် လည်ပတ်သည့် နိုင်ငံ အဖြစ် ရပ်တည်နေကြောင်းသိရပါသည်။ အာဆီယံ၏အရေးပါမှုကြီးထွားလာမှုကြောင့် တောင်ကိုရီးယားနိုင်ငံသည် ကုန်သွယ်ရာတွင် အမေရိကန်နှင့်တရုတ်ကို အလွန်အမင်းမီခိုနေရမှုကို လျှော့ချနိုင်ခဲ့ပြီး ဗီယက်နမ်သည် အရေးပါသောအာဆီယံနိုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)