ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များနှင့် UPGအိမ်သုတ်ဆေးအမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များသို့ ဇန်နဝါရီလ (၃)ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် MPA New မှဖော်ပြခဲ့သည့် “ ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်း ဘိလပ်မြေဝယ်မရခြင်း ” နှင့်ရန်ကုန်တွင် နာမည်ကြီး UPG အမှတ်တံဆိပ် အိမ်သုတ်ဆေးပြတ်နေသည်ဟု သတင်းရေးသားဖော်ပြချက်နှင့်ပတ်သတ်၍ တွံတေးမြို့နယ်ဈေးကွက်အတွင်း ဘိလပ်မြေနှင့် UPG အမှတ်တံဆိပ် အိမ်သုတ်ဆေးများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအာကာမင်းသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ တွံတေးမြို့နယ် နွေစံတော်ရပ်ကွက်နှင့် ကမ်းနားလမ်းရှိ အိမ်ဆောက်ပစ္စည်းနှင့်အိမ်သုတ်ဆေးအမှတ်တံဆိပ်မျိုးစုံ ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင် ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံပြီး ဘိလပ်မြေနှင့် UPG အမှတ်တံဆိပ် အိမ်သုတ်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ်အနေဖြင့် ဒေသအတွင်းဆောက်လုပ်ရေးလုပ်ငန်းများကိုသာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး မိမိတို့၏ ဈေးဆိုင်များတွင် ဘိလပ်မြေနှင့် UPG အမှတ်တံဆိပ် အိမ်သုတ်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိပါကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပြီး တာဝန်ရှိသူက ဘိလပ်မြေနှင့် UPG အမှတ်တံဆိပ် အိမ်သုတ်ဆေး လက်ကျန်စာရင်းနှင့်ဈေးနှုန်းအခြေအနေတို့အား မေးမြန်းစုံစမ်းခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးများ၊ ဈေးနှုန်းအဆမတန်ဖြင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)