Main menu

“ သုံးခွမြို့နယ်၏ဈေးကွက်တွင်ရောင်းချနေသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ”

Powered by Drupal

           ဇန်နဝါရီလ ပထမအပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း၊ဆန်ချောအမျိုးအစားအလိုက် (ထိပ်စ၊လတ်စ၊နိမ့်စ)များတွင် ဧည့်မထဆန် တစ်ပြည်လျှင် (၃၃၀၀-၃၆၀၀)ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင် (၅၀၀၀-၆၀၀၀)ကျပ်၊ ကြားပျံတစ်ပြည် လျှင်(၅၀၀၀-၆၀၀၀)ကျပ်ထိလည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်အပတ်တွင် (၇၇၅၀)ကျပ် ဖြစ်ပြီး ယခုအပတ်တွင်(၇၇၅၀)ကျပ်ဖြစ်၍ စားအုန်းဆီ ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး ပဲဆီတစ်ပိဿာလျှင် (၁၈၀၀၀-၂၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၂၅၀၀-၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် (၁၈၀၀၀-၂၀၀၀၀)ကျပ်၊ ငြုပ်တောင့်ရှည်တစ်ပိဿာလျှင် (၉၀၀၀-၁၄၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင်(၃၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာ လျှင် (၇၀၀၀-၇၂၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀)ကျပ်၊ သကြား တစ်ပိဿာ လျှင် (၅၆၀၀)ကျပ်၊ ကြက်ဥ (CP)တစ်လုံးလျှင်  (၃၈၀-၄၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၅၅၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          အလားတူ အသား၊ ငါးဈေးနှုန်းများဖြစ်သော ဗမာကြက်တစ်ပိဿာလျှင်(၂၅၀၀၀-၃၀၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၂၀၀၀-၂၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ လျှင်(၂၅၀၀၀-၂၇၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး  သုံးခွမြို့နယ်၊ စည်ပင်သာယာဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

             ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး  အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ အသားငါးဈေးနှုန်းများ၊ စားအုန်းဆီဈေးနှုန်းနှင့် ပဲဆီဈေးနှုန်းများမှာပြောင်းလဲမှုမရှိကြောင်း  သိရှိရပါသည်။          

DOCA(ရန်ကုန်)