Main menu

၂၀၂၄ ခုနှစ်တွင်ပြည်ပ၌အမေရိကန်ဒေါ်လာ ၆၆၄.၈ သန်းရင်းနှီးမြှုပ်နှံခဲ့သည့်ဗီယက်နမ်

Powered by Drupal

             ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများသည် ၂၀၂၄ ခုနှစ်တွင် စီမံကိန်းသစ် ၁၆၄ ခုနှင့် လက်ရှိ တည်ရှိပြီး စီမံကိန်း ၂၆ ခု၌ အမေရိကန်ဒေါ်လာ ၆၆၄.၈ သန်းရင်းနှီးမြှုပ်နှံခဲ့ပြီး တန်ဖိုးတွင် ၂၀၂၃ ခုနှစ်ကထက် ၅၇.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ပြည်ပရင်းနှီးမြှုပ်နှံမှုအေဂျင်စီ၏ အဆိုအရသိရပါသည်။  စီမံကိန်းကြီးများမပါဝင်မှုကြောင့် ထို ပမာဏသည် ကိုဗစ်မတိုင်မီကာလထက် နည်းပါးသော်လည်း ပြည်ပဈေးကွက်များတွင် ယုံကြည်မှုပြန်ရှိလာသည့် လက္ခဏာကိုပြသနေကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုများသည် ကဏ္ဍ ၁၆ ခုတွင်ပါဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံမှုအများစုသည် ပရိုဖက်ရှင်နယ်ဝန်ဆောင်မှုနှင့်သိပ္ပံ-နည်းပညာ(၃၀.၂ ရာခိုင်နှုန်း)၊ ကုန်ထုတ်လုပ်မှု( ၂၁ ရာခိုင်နှုန်း)နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း(၁၄.၂ရာခိုင်နှုန်း) တို့ဖြစ်ကြောင်း သိရပါသည်။ ပထဝီမြေနေရာအရမူ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံနှင့်ဒေသပေါင်း ၃၁ ခုသို့ ကွဲပြားရောက်ရှိခဲ့ကြောင်း သိရပါသည်။ လာအိုနိုင်ငံသည် ၂၀၂၄ ဗီယက်နမ်နိုင်ငံထံမှ ရင်းနှီးမြှုပ်နှံမှု ရရှိမှုတွင် စုစုပေါင်းမတည်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၂၈.၈ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး ၎င်းတို့၏နောက်တွင် အင်ဒိုနီးရှားနိုင်ငံက(၂၀.၇ ရာခိုင်နှုန်း)၊ အိန္ဒိယ(၁၃.၅ ရာခိုင်နှုန်း)တို့ ရပ်တည်နေကြောင်းသိရပါသည်။ ထို့ကြောင့် ၂၀၂၄ နှစ်ကုန်ထိတွင် ဗီယက်နမ်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင်စုစုပေါင်းစီမံကိန်းပေါင်း ၁၈၂၅ ခုတို့၌ အမေရိကန်ဒေါ်လာ ၂၂.၅၉ ဘီလီယံ တန်ဖိုးရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံထံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံး ရရှိခဲ့သည့်နိုင်ငံများမှာ လာအို(အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံ)၊ ကမ္ဘောဒီးယား(အမေရိကန် ဒေါ်လာ ၂.၉၄ ဘီလီယံ)နှင့် ဗင်နီဇွဲလား(အမေရိကန်ဒေါ်လာ ၁.၈၃ ဘီလီယံ) တို့ဖြစ်ကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)