Main menu

၂၀၃၀ ပြည့်နှစ်တွင်သစ်သီး-ဟင်းသီးဟင်းရွက်ကဏ္ဍ တင်ပို့ခြင်းမှဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိရန်ဗီယက်နမ်ရည်မှန်း (p)

Powered by Drupal

             ဗီယက်နမ်၏သစ်သီးနှင့်ဟင်းသီးဟင်းရွက်လုပ်ငန်းသည် ၂၀၃၀ ပြည့်နှစ်တွင် တင်ပို့ရာမှ တစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိရန်ရည်မှန်းထားကြောင်း ဗီယက်နမ် နိုင်ငံသစ်သီးနှင့်ဟင်းသီးဟင်းရွက်အသင်း၏ အဆိုအရသိရပါသည်။ ၂၀၂၃ ခုနှစ်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံရရှိခဲ့ပြီး ၃.၄ ဘီလီယံ ရရှိခဲ့သည့် ၂၀၂၂ ကထက် ၆၇ ရာခိုင်နှုန်းကြီးထွားခဲ့ကြောင်းသိရပါသည်။ ထိုကြီးထွားမှုကို ၂၀၂၄ ခုနှစ်ထိ ဆက်လက်သယ်ဆောင်နိုင်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံရရှိခဲ့ကြောင်း အသင်း၏ဥက္ကဌဖြစ်သူ Nguyen Thanh Binh ကဟိုချီမင်းမြို့တော်တွင် ဇန်နဝါရီလ ၆ ရက်နေ့ကကျင်းပခဲ့သည့်အသင်း၏ ၂၀၂၄-၂၀၂၉ ကာလအတွက် ငါးကြိမ်မြောက်ကွန်ဂရက် အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ဗီယက်နမ်၏ သစ်သီနှင့်ဟင်းသီးဟင်းရွက်များသည် ယခုအခါ နိုင်ငံနှင့်ဒေသပေါင်း ၈၀ ကျော်ကိုတင်ပို့လျှက်ရှိပြီး တရုတ်၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ နယ်သာလန်နှင့် သြစတေးလျတို့မှာ အဓိက‌ဈေးကွက်များ ဖြစ်ကြောင်း သိရပါ သည်။ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များကလည်း ထိုကြီးထွားမှုကို မောင်းနှင် ပေးခဲ့ပြီး ဈေးကွက်ဝင်ရောက်ရာလမ်းကြောင်းများကို သိသာစွာ မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံသို့ ဗီယက်နမ်သစ်သီး ၁၂ မျိုး တရားဝင်တင်ပို့ခွင့် လိုင်စင်ရရှိခဲ့ခြင်းကလည်း မှတ်တိုင်သစ်တစ်ခုဖြစ်ခဲ့ကြောင်းသိရပါသည်။ ပို့ကုန်မျှော်မှန်း ချက်နှင့် ပတ်သတ်၍ အသင်းက ကုလသမဂ္ဂအစားအစာနှင့်စိုက်ပျိုးရေးအဖွဲ့ အစည်း၏ အဆိုအရ ကမ္ဘာ့လူဦးရေသည်ဆက်လက်မြင့်တက်လျှက်ရှိပြီး ၂၀၃၀ ခုနှစ်တွင်လူဦးရေ ၉-၁၀ ဘီလီယံကြားရောက်ရှိမည်ဖြစ်ကာ ဝင်ငွေများလည်းစဉ်ဆက်မပြတ် တိုးတက်လာနိုင် သောကြောင့် ဗီယက်နမ်သစ်သီးနှင့်ဟင်းသီးဟင်းရွက်လုပ်ငန်းသည် တင်ပို့မှုဆက်လက်မြင့်တက် နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ထို့ကြောင့်တင်ပို့ရန်ရည်မှန်းချက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိရန် လုပ်ငန်းနယ်ပယ်သည် စိုက်ပျိုးရာတွင်စံနှုန်းပြည့်မီမှုအားကောင်းစေရေး၊ ထုတ်လုပ်ရာတွင် အဆင့်မြင့်နည်းပညာသုံးရေးနှင့် ဈေးကွက်လိုအပ်ချက်နှင့်ပြည့်မီရန် အရည်အသွေးမီသော ထုတ်ကုန်များဖန်တီးရေးတို့ ဆောင်ရွက်ရမည်ဟုသိရပါသည်။ တစ်ချိန်တည်းမှာပင် အသင်း သည် ၎င်းတို့၏အဖွဲ့ဝင်များအား တင်သွင်းမည့်ဈေးကွက်စည်းမျဉ်းများကို လိုက်နာ နိုင်စွမ်းအား ကို မြှင့်တင်ပေးသွားရန်အာရုံစိုက်ထားမည်ဟု ပြောကြားခဲ့ပါသည်။ ထိုကွန်ဂရက် အခမ်းအနား တွင် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒုတိယ ဝန်ကြီးဖြစ်သူ Hoang Trung က သစ်သီးနှင့်ဟင်းသီးဟင်းရွက်ကဏ္ဍအား နိုင်ငံစီးပွားရေး ကြီးထွားရေးတွင် ပူးပေါင်း ပါဝင်ခဲ့သည့်အတွက်အသိအမှတ်ပြု စကားပြေားကြားခဲ့ကြောင်းသိရှိရပါသည်။

Vietnam Net

DOCA(ရန်ကုန်)