Main menu

ဖျာပုံမြို့ ၊ အ.မ.က(၁၂) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအားစစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည်ကျောင်းကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ အ.မ.က(၁၂)ကျောင်းရှိ ဆရာ/ ဆရာမ၊ ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဖျာပုံမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေများထဲမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ တွဲဖက်မစားသင့်သော အစားအစာများနှင့် ဓာတုဆိုးဆေးပါဝင်သော အစားအစာများဝယ်ယူသုံးစွဲ ခြင်းမပြုကြရန်နှင့်  ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်းပြီး Call Centre 1535သို့လည်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း၊ ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များပါ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)