Main menu

ဘိုကလေးမြို့နယ်(၃)ရပ်ကွက်နေပြည်သူများအားစားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့ နေလယ်(၁၃:၀၀)နာရီအချိန်တွင် (၃)ရပ်ကွက်ပြည်သူ(၄၇)ဦးအား ရပ်ကွက်ဓမ္မာရုံတွင်စားသုံးသူကာကွယ်ရေးအသိပညာပေးဆောရွက်ခဲ့ကြပါသည်။

          ထိုအသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေးစိတ်ကျေနပ်မှုရှိစေရေး အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူရာတွင် ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ အကြောင်း၊ FDA ထောက်ခံချက်ပါ ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းကြောင်း ဈေးကွက်အတွင်းစားအုန်းဆီနှင့် ပတ်သက်၍ ပဲရော၊ နှမ်းရော၊ ပဲလတ်ဆီဆိုတာမရှိကြောင်း၊ စားသုံးဆီချိပ်ပိတ်ဘူးဆီများတွင် ကုန်ညွှန်းအမှတ်အသားအချက်အလက်များ ရှိနေပြီဖြစ်ကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများအကြောင်းများဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)