ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဦးစားပေးကုန်စည်ဖြစ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဈေးကွက်အတွင်း၌ ရောင်းဝယ်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး ဦးဆောင်သောအဖွဲ့သည် ၈.၁.၂၀၂၅ရက်နေ့တွင် ပြွန်တန်ဆာမြို့ပေါ်ရှိ ဦးစားပေးကုန်စည်ဖြစ်သည့် အိမ်သုံး လျှပ်စစ်ပစ္စည်းများ၏ ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားမှုအခြေအနေ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်များ ပြည့်စုံစွာဖေါ်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ TOYO, HANASAWA, GOOD STAR ကုမ္ပဏီများမှ အိမ်သုံးလျှပ်စစ်ပစ္စည်းများသည် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်။
DOCA(ပဲခူး)