စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဉီးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများသည် ၁၀-၁-၂၀၂၅ ရက်၊ သောကြာနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံတက္ကသိုလ်ကျောင်း၊ ငုရွှေဝါခန်းမတွင် (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းများကို အသိပညာပေးဟောပွဲကျင်းပ ခဲ့ကြောင်းသိရှိရသည်။
အဆိုပါဟောပြောပွဲတွင် ဘားအံတက္ကသိုလ် ဒုတိယပေါမောက္ခချုပ် ဒေါက်တာယဉ်ယဉ်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူစားသောက် သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် စားသုံးသူနစ်နစ်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို Power Point ဖြင့်ကျောင်းသား၊ ကျောင်းသူများအား လွယ်ကူစွာသိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip များအား Short Video ဖြင့်ပြခဲ့ပါသည်။
အခမ်းအနားတွင် ဘားအံတက္ကသိုလ် ဒုတိယပေါမောက္ခချုပ် (၃)ဦး၊ ဘာသာရပ်ဆိုင်ရာဌာနမှူး (၅)ဦး၊ သရုပ်ပြလက်ထောက်ကထိက ဆရာမ (၁၅)ဦး၊ ကျောင်းသား/ ကျောင်းသူ (၄၀၀)ဦး စုစုပေါင်း (၄၂၃)ဦး တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)