
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးတွင် ကရင်ပြည်နယ်ဒေသထွက် မုန့်ဆန်းများ ဈေးကောင်းရလျက်ရှိသည်။
မုန့်ဆန်းပြုလုပ်ပုံမှာ မောင်းညိုမဖြစ်တဖြစ်အချိန်တွင် ရိတ်ထားသောကောက်ညှင်းကို တုတ်ဖြင့်ရိုက်ချွေပြီးရလာသည့် ကောက်ညှင်းကို ဒယ်အိုးဖြင့် ၁၀မိနစ်ခန့် လှော်ပေးရသည်။ လှော်ထားသော ကောက်ညှင်းဆန်ပူပူကို ဆုံထဲတွင်ထည့်ထောင်းပြီး ရရှိလာသော မုန့်ဆန်းပြားကို ဇကွဲနှင့် အမှိုက်များစင်အောင် စကောဖြင့်ပြာပေးရပါသည်။ မုန့်ဆန်းကို အုန်းသီး၊သကြား၊ ဆား အနည်းငယ်ဖြင့် ရောနယ်ပြီး ဆွမ်းတော်ကပ်ခြင်း၊ ဦးရှင်ကြီးတင်ခြင်း တို့ပြုလုပ်စားသုံးကြကြောင်းသိရှိရပါသည်။
ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးရှိ ကရင်ပြည်နယ်ဒေသထွက် မုန့်ဆန်းဈေးနှုန်းများမှာ မုန့်ဆန်း တစ်ပြည်လျှင် (၆၀၀၀) ကျပ်နှုန်းနှင့် တစ်ဘူးလျှင် (၈၀၀၊၁၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ရှိကာ ယခင်လနှင့် ယခုလဈေးနှုန်း နှိုင်းယှဉ်ချက်အားဖြင့် တစ်ပြည်လျှင် (၁၀၀၀) ကျပ်နှုန်း ကျဆင်းခဲ့ကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကရင်)