Main menu

ဘားအံမြို့ဒေသထွက် ခရမ်းသီးဈေးနှုန်းအခြေအနေ

Powered by Drupal

             ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီဇန်နဝါရီလ တတိယအပတ်တွင် ကရင်ပြည်နယ်ဒေသထွက် ခရမ်းသီးများလှိုင်လှိုင်ထွက်ကာဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

        ဒေသခံတောင်သူများသည် ရာသီပေါ်စာသီးနှံများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ခရမ်းသီးကို ခရမ်းသီးနှပ်ပြု လုပ်၍စားခြင်း၊ ခရမ်းသီးဟင်းချက်စားခြင်း၊ ခရမ်းသီးအစာသိပ်ချက်စားခြင်း၊ ခရမ်းသီး မီးဖုတ်၍သုတ်စားခြင်းနှင့် ပြု၍တို့စရာအဖြစ်လည်း စားသုံးနိုင်သလို ကြက်ဥဖြစ်လည်းကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ ခရမ်းသီးတွင် ဗီတာမင်နှင့် အာာဟာရဓာတ်၊ အမျှင်ဓာတ်တို့ အပြည့်အဝပါဝင်သည့်အတွက် လူတို့၏ကျန်းမာရေးကို  ကောင်းကြိုးဖြစ်စေပါသည်။ ခရမ်းသီးဈေးနှုန်းမှာ ခရမ်းသီးလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် ခရမ်းသီးလက်လီဈေးနှုန်း တစ်ပိဿာ လျှင် (၄၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)