စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူကာကွယ်ပေးရေးအတွက် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည်များလုံခြုံစိတ် ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများသာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက်ပါ ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၌ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းနှင့်လက်ကျန်အခြေအနေများအား အပတ်စဉ်ကွင်းဆင်း လေ့လာစုံစမ်းတင်ပြပေးလျက်ရှိကြောင်း သိရသည်။
မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၈.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်(၈)ဆိုင်အား ကွင်းဆင်းလေ့လာခဲ့ရာ ဈေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် အမှတ်တံဆိပ် ဘိလပ် မြေ (50)kgတစ်အိတ်လျှင် ကျပ်(၁၅၅၀၀)၊ အပါချီ အမှတ်တံဆိပ် ဘိလပ်မြေ(50)kg တစ်အိတ် လျှင် ကျပ်(၁၄၇၀၀)နှင့် အယ်ဖာအမှတ်တံဆိပ် ဘိလပ်မြေ (50)kgတစ်အိတ်လျှင် ကျပ်(၁၅၈၀၀) တို့ဖြစ်ပြီး ယခင်လဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ကြံ့နှစ်ကောင် ကျပ်(၅၂၀၀)၊ အပါချီ ကျပ်(၃၇၀၀)၊ အယ်ဖာ ကျပ်(၅၃၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပြီး ယခုဈေးနှုန်းမြင့်တက်ရခြင်းမှာ ဘိလပ်မြေစက်ရုံမှ ထုတ်ဈေးမြင့်တက်လာခြင်းနှင့် မကွေးမြို့ထိ သယ်ယူစရိတ်မြင့်မားလာခြင်းတို့ကြောင့်ဖြစ်ပြီး ဈေးကွက်အတွင်း၌ ဘိလပ်မြေလက်ကျန်နည်းပါးနေခြင်းမှာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၏ လိုသလောက် မှာယူရခြင်းမရှိဘဲ ခွဲတမ်းဖြင့်သာအလှည့်ကျစနစ်ဖြင့်ရရှိနေခြင်းကြောင့်နှင့် ဈေးကွက်အတွင်း ဘိလပ်မြေများ ပြတ်လပ်မှုမရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)