မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာတွင် နှမ်း၊ ဝါ၊ ပဲမျိုးစုံသီးနှံနှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ပဲစဉ်းငုံ စိုက်ဧက ၆၀ ဧက စိုက်ပျိုးထားရှိရာ ဇွန်လတွင် စိုက်ပျိုး၍ ဒီဇင်ဘာလတွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
မျိုးအနေဖြင့် ယခင်နှစ်ပဲစဉ်းငုံနီစိုက်ခင်းမှထွက်ရှိသည့် ပဲစဉ်းငုံနီများကို မျိုးအဖြစ်ဖယ်ချန် ကာ သီးညှပ်အနေဖြင့်နှမ်းနှင့် ရော၍ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့(၂)ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ သွင်းအားစု၊ ရိတ်သိမ်းခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်(၄)သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က တစ်ဧကလျှင် ၁၅-၁၇ တင်းထိထွက်ရှိခဲ့ သော်လည်း ယခုနှစ်တွင်မူ ရာသီဥတုကြောင့် အထွက်နှုန်းများလျော့ကျခဲ့ပြီး (၁)ဧကလျှင် (၈)တင်းမှ (၁၀)တင်းထိသာထွက်ရှိခဲ့ကြောင်း၊ ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီသီးနှံစတင်ထွက်ရှိရာ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် တစ်တင်းလျှင် ငွေကျပ်(၁၀၆၀၀၀)ဖြင့် ရောင်းချရပြီး အကျိုးအမြတ် အနေဖြင့် တစ်ဧကလျှင် ငွေကျပ်(၄)သိန်းခွဲမှ (၆)သိန်းခွဲခန့်ရရှိကြောင်း၊ ပြည်တွင်းဈေးကွက်အနေဖြင့် မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် ၎င်းမြို့များမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့တင်ပို့ကြောင်း၊ ယခု၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ငွေကျပ်(၉၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မကွေး)