Main menu

ဆန်ကုန်သွယ်မှု အစိုးရချင်း သဘောတူညီချက် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် လက်မှတ်ရေးထိုး

Powered by Drupal

ပါကစ္စတန်နိုင်ငံထံမှ Atap rice ခေါ် ဘာစမာတီမဟုတ်သော ဆန်ဖြူများကို အစိုးရချင်း ညှိနှိုင်းမှုဖြင့် တင်သွင်းရန်အတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား  လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း ဘင်္ဂလားဒေ့ရှ် The Financial Express သတင်းဌာနက ဖော်ပြထားသည်။

          နှစ်နိုင်ငံ အစိုးရများကိုယ်စား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Md Abdul Khaleque နှင့် ပါကစ္စတန်နိုင်ငံဘက်မှ ပါကစ္စတန် ကုန်သွယ်ရေး ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ Syed Rafeo Bashir Shah တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာန၊ အတွင်းဝန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာအတွင်းဝန် Md Masudul Hasan ၊  ပါကစ္စတန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် Shakeel Ahmed Mangnejo နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး Syed Ahmed Maroof တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိ ရသည်။

          ယခုကဲ့သို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခြင်းက နှစ်နိုင်ငံအကြား စီးပွားရေး နှင့် ကုန်သွယ်ရေး ဆက်ဆံမှုများကို တိုးမြှင့်နိုင်မည်ဖြစ်သည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆန်စပါး ဈေးကွက်တည်ငြိမ်မှုကိုလည်း အထောက်အကူပြုမည်ဖြစ်သည်။

          ဘင်္ဂလားဒေ့ရှ် ပြည်တွင်း၌ ဆန်ဈေးနှုန်းများသည် လွန်ခဲ့သော တစ်လခွဲခန့် ကာလအတွင်း ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း မြင့်တက်ခဲ့ပြီး လက်ရှိကာလတွင် အဆင့်အတန်းအလိုက် ဆန်တစ်ကီလိုဂရမ်၏ ဈေးနှုန်းများမှာ ဆန်ကြမ်းအား တာကာငွေ ၆၀ မှ ၆၂ အထိလည်းကောင်း၊ ဆန်အလတ်စကို ၆၈ တာကာမှ ၇၂ တာကာအတွင်းလည်းကောင်း၊ ထိပ်တန်းဆန်ကို ၇၈ တာကာ မှ ၉၄ တာကာအတွင်းလည်းကောင်း အသီးသီးရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          ဆန်ဈေးကွက် တည်ငြိမ်စေရေးအတွက် ဆန်တန်ချိန် ၅ သိန်းကို ပြည်ပမှ တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရက လျာထားဆောင်ရွက်လျက်ရှိပြီး ကုန်စည်တင်သွင်းမှုကို အားပေးမြှင့်တင် ရန်အတွက် ဆန်သွင်းကုန်အပေါ်စည်းကြပ်သော အခွန်နှုန်းထားများကိုလည်း လျှော့ချပေးခဲ့သည်။

Source: The Financial Express, 15 Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)